မန္တလေးမြို့၊ အမရပူရမြို့နယ် မှန်တန်းရပ်ကွက်ရှိ မြို့နယ်ကြံ့ခိုင်ရေးပါတီရုံးမှာ အောက်တိုဘာ ၂၈ ရက် မွန်းတည့် ၁၂ နာရီလောက်က လက်လုပ်ဗုံးနဲ့ ပစ်ခံခဲ့ရတယ်လို့ ရပ်ကွက်နေသူတွေကပြော ပါတယ်။
လက်လုပ်ဗုံးကို ဆိုင်ကယ်နဲ့ လာရောက်ပစ်သွားတာဖြစ်ပြီး ရုံးအတွင်း ပေါက်ကွဲမှုဖြစ်ခဲ့ကာ ထိခိုက်ဒဏ်ရာရတာနဲ့ ပျက်စီးဆုံးရှုံးတာမရှိဘူးလို့ သိရပါတယ်။
“နေလယ်လောက်က မှန်တန်းထဲမှာ ဗုံးပေါက်သံကြားလိုက်တယ်။ မေးကြည့်တော့ ကြံ့ဖွံ့ရုံး ဗုံးနဲ့ ပစ်ခံရတာတဲ့။ ထိခိုက်ပျက်စီးကတော့ မကြားမိဘူး။” လို့ အမရပူရမြို့မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပြီး မကြာခင် အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေရောက်လာပြီး အနီးပတ်ဝန်းကျင်မှာ စစ်ဆေးတာတွေ လုပ်သွားတယ်လို့ သိရပါတယ်။