မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာ ရာအိမ်မှူး အောက်တိုဘာ ၂၈ ရက် ဒီမနက် ၉ နာရီလောက်က သေနတ်နဲ့ ပစ်သတ်ခံရခဲ့ရပါတယ်။
အသက် ၅၉ နှစ်အရွယ် ရာအိမ်မှူး ဦးကြည်အောင်ဟာ ပုသိမ်ကြီးမြို့မဈေး ကနေ ဈေးဝယ်ပြီးအပြန် ပုသိမ်ကြီး - ရေထွက်သွား ကားလမ်းမှာ ခေါင်းကို သေနတ်နဲ့ ပစ်ခံခဲ့ရတာပါ။
“သူက လက်ရှိကျေးရွာ ရာအိမ်မှူးလည်းဖြစ်တယ်။ စစ်ကောင်စီ သတင်းပေးလုပ်နေတယ်လို့ သိရတယ်။ ဘေးကနေ အနီးကပ် ဆိုင်ကယ်နဲ့ ကပ်ပစ်သွားတာတဲ့။ အပစ်ခံရပြီး နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်။” လို့ ပုသိမ်ကြီးမြို့နေ ပြည်သူတစ်ဦး က ပြောပါတယ်။
ရာအိမ်မှူး ဦးကြည်အောင်ကို ပုသိမ်ကြီးမြို့တော်လှန်ရေးအင်အားစု (Patheingyi Revolution Force-PRF)နဲ့ မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့ (Urban Guerrilla Special Force-UGSF) တို့က ပူးပေါင်း ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။