စစ်ကိုင်းတိုင်း တန့်ဆည်နဲ့ ကျွန်းလှမြို့နယ်က တောတောင်တွေထဲကို အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက စစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“ကျွန်းလှဘက်က ကျေးရွာတွေနားဆို အချက် ၃၀ ကျော်တယ်။ တန့်ဆည်နယ် စည်းသာရွာ နားမှာလည်း ပစ်သွားတယ်။ ပြောသံကြားတာတော့ ကျွန်းလှမြို့နယ် ကျွဲတဲ PDF စခန်းကို ပစ်သွားတာ။ ထိခိုက်မှု အခြေအနေတော့ ဘာမှမသိရသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကျွန်းလှနဲ့တန့်ဆည်နယ်ဘက်ကို စစ်ရဟတ်ယာဉ် ၆ စီးနဲ့လာရောက် ပစ်ခတ်တာဖြစ်ပြီး အပြန်မှာ ကပေါင်းကျတောထဲ လှည့်ပတ်ပျံဝဲနေတဲ့အတွက် တောထဲတောင်ထဲ တိမ်းရှောင်နေသူတွေ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ဆိုပါတယ်။
ကျွန်လှမြို့နယ် ကျွဲတဲဘက်မှာ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ပြီးနောက် လတ်တလော စစ်ကောင်စီရဲ့ တိုက်လေယာဉ်နှစ်စီး ထပ်မံပျံသန်းနေတယ်လို့ သိရပါတယ်။