Home
မြန်မာသတင်း
တောင်သာမြို့၌ ထောက်ခံစာလာလုပ်သူနှစ်ဦးက ကျေးရွာအုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့်ပစ်ခတ်
DVB
·
October 27, 2021
249837407_3071394256521648_3703313590892488819_n

မန္တလေးတိုင်း တောင်သာမြို့နယ် အရှေ့ချောင်းဆုံကျေးရွာမှာ အောက်တိုဘာ ၂၇ ရက်မနက်ပိုင်းက ထောက်ခံစာပြုလုပ်သူနှစ်ဦးက  အုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ ပစ်ခတ်သွားပါတယ်။

အရှေ့ချောင်းဆုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမှတ်တင်ရဲ့ နေအိမ်ကို အမည်မသိ အမျိုးသားနှစ်ဦးက ထောက်ခံစာလာလုပ်ရင်း သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေဆီကသိရပါတယ်။

“မနက် ၇ နာရီလောက်က အုပ်ကြီးအိမ်မှာ လူနှစ်ယောက်ရောက်က ထောက်ခံစာလိုချင်လို့ပါဆိုပြီး အုပ်ကြီးအိမ်ပေါ်တက်လာတယ်။ အုပ်ကြီးက လူတစ်ယောက်နဲ့ စကားပြောနေတုန်း မဆိုင်သူဘေးဖယ်ဆိုပြီး အုပ်ကြီးကို ပစ်သွားတာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးမှတ်တင်ကို သေနတ်ဒဏ်ရာ (စိုးရိမ်ရ) ကြောင့် ဆေးရုံပို့ထားပြီး သူနဲ့ အတူရှိတဲ့ အမျိုးသားတစ်ဦးကိုတော့ သေနတ်နဲ့ ပစ်မသွားပါဘူး။

အုပ်ချုပ်ရေးမှူး သေနတ်နဲ့အပစ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းနဲ့ ကျေးရွာကို ရောက်ရှိလာပြီး စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013