မကွေးမြို့ လဝကရုံးနဲ့ လျှပ်စစ်မီတာရုံးတို့ကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း နယ်မြေခံ PDF တပ်ဖွဲ့ နှစ်ခု ပူးတွဲကြေညာချက်ထုတ်ပြန်ထားပါတယ်။
ဒီဖောက်ခွဲတိုက်ခိုက်မှုကိုတော့ တော်လှန်ရေးရည်ရွယ်ချက်ချင်း ထပ်တူကျတဲ့ ဗိဿနိုး နယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ No Chair ပြောက်ကျားတပ်ဖွဲ့(မကွေး) တို့ ပူးပေါင်းလက်တွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အောက်တိုဘာ ၂၆ ရက်၊ နေ့လယ် ၂ နာရီလောက်က မကွေးမြို့၊ စျေးလယ်စိုးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ လျှပ်စစ်အင်ဂျင်နီယာရုံး (EPC) Transfer အိုးကို ဗုံးဖောက်ခွဲခဲ့ပြီး တချိန်တည်းမှာပဲ ရန်မျိုးနိုင်ရပ်ကွက်၊ အဝေရာလမ်း အရှေ့ဘက်က လဝကရုံးကိုလည်း ဗုံးနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ No Chair ပြောက် ကျားတပ်ဖွဲ့ (မကွေး)နဲ့ ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်တဲ့အထိ တိုက်ခိုက်သွားမှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။