ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး နဲ့ ပတ်သက်ပြီး ရန်ကုန်၊ ပဲခူး၊ ဖြူး၊ သာစည်၊ မန္တလေးတို့ရဲ့ (အမှတ် ၃ နယ်မြေ စစ်ဆင်ရေးပြောက်ကျားတပ်ဖွဲ့ခွဲ) က ခရီးသွားပြည်သူတွေကို အောက်တိုဘာလ ၂၃ ရက်နေ့က သတိပေးထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
မိမိတို့အဖွဲ့အစည်းဟာ တခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေကို မြန်မာပြည်အနှံ့ အရှိန်အဟုန်နဲ့ ထိုးစစ်ဆင်နေပေမယ့် ရန်ကုန်-မန္တလေး အမြန်လမ်း အပါအဝင် လမ်းဟောင်းတချို့မှာ အပန်းဖြေနဲ့ ဘုရားဖူးထွက်တဲ့ ကားတွေကြောင့် တော်လှန်ရေးအတွက် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
အလုပ်ကိစ္စ၊ ကျန်းမာရေး၊ နာရေး နဲ့ မဖြစ်မနေ သွားရမယ့် ကားတွေအနေနဲ့ အဖြူရောင်အလံကို ကားရဲ့ ထင်ရှားတဲ့နေရာတွေမှာ လွှင့်ထူသွားကြဖို့နဲ့ မလိုက်နာပါက မိမိတို့အဖွဲ့အစည်းရဲ့ တာဝန်မဟုတ်ကြောင်း ဖော်ပြပါရှိပါတယ်။