Home
မြန်မာသတင်း
အမရပူရမြို့နယ်တွင် အမျိုးသား ၁ ဦး ပစ်သတ်ခံရ
DVB
·
February 8, 2022
272858796_1567260266993121_4227484275236542943_n

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမူကျေးရွာအုပ်စု၊ ရန်ကုန် - မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၃၆၁/၄) အနီးမှာ ဖေဖော်ဝါရီ ၈ ရက် မနက် ၇ နာရီဝန်းကျင်က အမျိုးသားတယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

သေဆုံးသူဟာ အမရပူရမြို့နယ်၊ ရေကြည်ပေါက်အုပ်စု၊ ယက္ကန်းတော်ရပ်မှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် ဦးဌေးကြည် ဖြစ်ပြီး ဆိုင်ကယ်​မောင်းနှင်လာစဉ် သေနတ်နဲ့ ပစ်ခံရတာလို့ သိရပါတယ်။

သေနတ်နဲ့ ပစ်ခံရတဲ့အတွက် နောက်စေ့၊ ငယ်ထိပ်၊ လည်ပင်း၊ လက်မောင်း၊ ရင်အုံ၊ ဝမ်းဗိုက် ၊ နောက်ကျောတို့မှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေရရှိခဲ့ပြီး  နေရာမှာတင် သေဆုံးခဲ့ပါတယ်။

ဘာကြောင့် ပစ်ခတ်ခဲ့တယ်ဆိုတာနဲ့ ပစ်ခတ်သူတွေဟာ ဘယ်သူတွေလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024