ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဗားကရာချောက်အတွင်းရှိ မီးပွိုင့်လမ်းဆုံက ယာဉ်ထိန်းရဲကင်းကို အောက်တိုဘာ ၂၃ ရက် ဒီနေ့ မွန်းလွဲပိုင်းက ပစ်ခတ်ခံရပြီး စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရသွားတယ်လို့ စစ်ချောင်းဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့လယ် ၂ နာရီခွဲလောက်က အမည်မသိ လက်နက်ကိုင်တချို့ ရောက်ရှိလာပြီး ယာဉ်ထိန်းရဲကင်း ကို ဝင်ရောက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရဲနဲ့ စစ်တပ်တွေ ရောက်လာပြီး လမ်းပိတ် စစ်ဆေးနေပါတယ်။
ဒီကနေ့မနက်ကလည်း ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းပေါ်ရှိ ယာဉ်ထိန်းရဲကင်းနဲ့ သန်လျင်မြို့နယ်၊ နည်းပညာတက္ကသိုလ်အနီး လုံခြုံရေး ဂိတ်တို့ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီ လက်နက်ကိုင်တပ်တွေ ထိခိုက်သေဆုံး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။