မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ရွာငံ - ဟံမြင့်မိုရ် သွားကားလမ်း၊ ကင်းရွာအနီးမှာ အောက်တိုဘာ ၁၉ ရက် ညပိုင်းက ကျပ်သန်း ၄၁၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။
ကင်းရွာအနီး ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးရင်း ယာဉ်နောက်ခန်း မြေပဲတောင့် အိတ်တွေအောက်ရှိ ခရမ်းချဉ်သီး သေတ္တာ(၂၁)လုံးအတွင်းမှာ သယ်ဆောင်လာတဲ့ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြားတွေကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားတစ်သောင်းပြားစီပါ YA တံဆိပ်ပါ ပါကင်အထုပ် (၄၉) ထုပ်၊ 37 တံဆိပ်ပါ ပါကင်အထုပ်(၂၂၇)ထုပ်၊စုစုပေါင်းအထုပ်(၂၇၆)ထုပ်၊ဆေးပြားပေါင်း (၂၇ ဒသမ ၆) သိန်း ကာလတန်ဖိုး ကျပ်သန်း ၄၁၄၀ ရှိ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိခဲ့တာလို့ မှုခင်းမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
မူးယစ်ဆေးဝါးတွေ သယ်ဆောင်မောင်းနှင်လာတဲ့ ရန်ပြေအေးကို မြစ်ငယ်ရဲစခန်းမှာ မယ(ပ)၉/၂၀၂၁/ မူးစိတ်ပုဒ်မ-၁၉/၂၀(က)/၂၁ တို့နဲ့ အမှုဖွင့် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။