စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြလို့ ဖမ်းဆီးခံရသူတွေကို လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးနေရာမှာ ဒီကနေ့ အောက်တိုဘာ ၁၉ ရက်မှာလည်း ကျန်ရှိနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ထပ်မံလွှတ်ပေးဖို့ရှိတာကြောင့် အင်းစိန်အကျဉ်းထောင်ရှေ့မှာ မိသားစုတွေ သွားရောက်စာင့်ဆိုင်းနေကြပါတယ်။
ဒီနေ့ ၇ နာရီကျော်အထိ လွတ်လာမယ့်သူတွေကို မိသားစုတွေက မျှော်လင့်စောင့်စားနေဆဲဖြစ်ပြီး အင်းစိန်အကျဉ်းထောင်ရှေ့မှာ နောက်ဆုံး လွှတ်ပေးမယ့်ကားကို စောင့်နေကြိုနေကြတာပါ။
ထောင်ရှေ့မှာ သားဖြစ်သူ ပြန်လွတ်လာမလားလို့ မနက်ကတည်းက လာရောက်စောင့်ဆိုင်းနေတဲ့ မိခင်တဦးက “ ကျမသားလေးပြန်လွတ်တဲ့အထဲပါမလာသေးလို့ ဒီနေ့ လွတ်ပေးမယ့်ထဲ ပါလားမလို့ လာစောင့်နေတာပါ။ လူတွေအများကြီးဆိုတော့ ကိုဗစ်ကူးစက်မှာတွေဘာတွေကြောက်ပေမဲ့ ကျမသားလေးထွက်လာရင် လာကြိုမဲ့သူမရှိရင် မျက်နှာငယ်မှာစိုးလို့” လို့ ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံတကာဖိအားကြောင့် နိုင်ငံတဝန်းက ပုဒ်မ ၅၀၅(က)နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၁၃၁၆ ဦးနဲ့ အမှုရင်ဆိုင် နေရသူ ၄၃၂၀ ဦးကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပြီး ပြန်လွတ်လာသူတွေ ပြန်အဖမ်းခံရတာလည်းရှိပါတယ်။
Photo-AMM/ ဖြိုးရသ