ကရင်ပြည်နယ် မြဝတီမြို့တဘက်ကမ်း ထိုင်းနိုင်ငံအတွင်းကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာမယ့်သူတွေကို ထိုင်းစစ်တပ်က အောက်တိုဘာလ ၁၈ ရက်က စတင်ပြီး လုံခြုံရေးတွေ တင်းကျပ်ထားပါတယ်။
မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်တလျှောက် မြန်မာနိုင်ဘက်ကနေ့ ထိုင်းနိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော် ကူးဖြတ်နိုင်တဲ့ ထိုင်းနိုင်ငံ ဖုတ်ဖရမြို့နယ် ကြောက်ခက်တိုက်နယ်မှာ ၂၄ နာရီ လုံခြုံရေးတင်းကျပ်ထားပါတယ်။
တာခ်ရိုင်မှာ နယ်စပ်နဲ့နီးစပ်တဲ့ မြို့နယ် ၅ ခုရှိပြီး အဲဒီမြို့နယ်တွေက သွားရောက်နိုင်တဲ့ တရားမဝင်မူးယစ်ဆေး လူမှောင်ခိုနဲ့ တရားမဝင်ကုန်ပစ္စည်းတွေ၊ ကိုဗစ်ကူးစက်မှု အပါအဝင် မည်သည့်အကြောင်းပြချက်မှ ခွင့်ပြုမှာ မဟုတ်ကြောင်း ထိုင်းနိုင်ငံ နယ်စပ်လုံခြုံရေးစစ်တပ်က သိရတယ်။
မြဝတီခရိုင်နဲ့ တာခ်ရိုင် နယ်စပ်မှာ လုံခြုံရေးတွေတင်းကျပ်မှုရှိနေပေမဲ့ လူမှောင်ခိုနဲ့ ထိုင်းနိုင်ငံကို တရားမဝင် သွားရောက်တဲ့ မြန်မာနိုင်ငံသားတွေ မကြာခဏ ဖမ်းဆီးခံနေရပါတယ်။