Home
သတင်းဓာတ်ပုံ
ပွင့်ဖြူတွင် မိုးသက်လေပြင်းကြောင့် ဘုရားထီးတော်နှင့် နေအိမ် ၂၀ ခန့် ပျက်စီး
DVB
·
October 17, 2021
246010146_2686746968293414_7557358524660512873_n
245922406_2686746881626756_8749976169350219040_n
245668624_2686746801626764_7302889769062740099_n
245608674_2686747101626734_4335258831340118029_n
245236306_2686746924960085_3544410261752920340_n
242351826_2686747058293405_4338632036386551113_n
241373575_2686746834960094_448617410124237104_n
241052369_2686747014960076_1730508669294141991_n

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်မှာ အောက်တိုဘာ ၁၆ ရက်နေ့က မိုးသက်လေပြင်းကျရောက်ပြီး စန္ဒကူးနံ့ သာကျောင်းတော်ရာ ဘုရားရဲ့ ထီးတော်နဲ့ လူနေအိမ် ၂၀ လောက် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပွင့်ဖြူမြို့နယ်မှာ မနေ့က တစ်ရက်လုံး မိုးသည်းထန်စွာရွာသန်ပြီးတော့ လေပြင်းကျရောက်တာကြောင့် ရွာသစ်ရွာ၊ ကျောင်းတော်ရာရွာ၊ ကုန်းဇောင်းရွာ၊ ကျောက်ပန်းတောင်းရွာနဲ့ ဘူးသည်ရွာတွေက လူနေအိမ် ၂၀ လောက် အမိုးလန်၊ သစ်ပင်ပိပြီး ပျက်စီးခဲ့တာကြောင့် ဘေးလွတ်ရာ ရွှေ့ပြောင်းထားရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီတော်ရဲ့ ထီးတော်အထက်ပိုင်း မဏ္ဍိုင်မှာလည်း မိုးသက်လေပြင်းကျရောက်ပြီး အောက်ကို ကွေးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိုးသက်လေပြင်းကျရောက်တာကြောင့် မကွေးမြို့က ရပ်ကွက်တစ်ချို့မှာလည်း ရေကြီးရေလျှံဖြစ်ပေါ်ကာ သစ်ပင်ကျိုးတာတွေနဲ့ အမိုးလန်တာတွေ ဖြစ်ပွားခဲ့တယ်လို့ မကွေးမြို့ခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024