ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ ရွှေရင်အေးဈေးလမ်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ် အောက်တိုဘာ ၁၆ ရက် နေ့လယ် ၂ နာရီခွဲခန့်က ဗုံးနဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမှတ် (၁၈)ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးမောင်မောင်ရဲ့ နေအိမ် ဗုံးပစ်ခံရတာဖြစ်ပြီး လူထိခိုက်မှုမရှိဘဲ ဦးမောင်မောင် ပိုင်ဆိုင်တဲ့ ကားတော့ ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
နေအိမ်ဗုံးပစ်ခံရပြီး မကြာခင် အရပ်ဝတ်နဲ့ရော၊ ယူနီဖောင်းဝတ် စစ်သားတွေရော အများကြီးရောက်နေပြီး နေအိမ်မှာ တပ်ဆင်ထားတဲ့ CCTV စစ်နေကြတယ်လို့ ဆိုပါတယ်။
အမှတ် (၁၈)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်မှာ ရပ်ကွက်နေပြည်သူတွေကို ဖိနှိပ်မှုများရှိနေပြီး သူ့ကြောင့် ဖမ်းဆီးခံရသူတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေရသူတွေလည်း များစွာရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။