Home
မြန်မာသတင်း
မုံရွာ-ရေဦး-တန့်ဆည် ကားလမ်းပေါ် စစ်ကား ၁ စီးမိုင်းဆွဲတိုက်ခိုက်ခံရ၊ ပုလဲမြို့နယ်၌ ရွာသား ၂ ဦးကို စစ်တပ်က ပစ်ခတ်
DVB
·
October 16, 2021
245950402_552268502516012_4542552327634197518_n
245880728_552268622516000_7702590355510963537_n

စစ်ကိုင်းတိုင်း၊ မုံရွာ-ရေဦး-တန့်ဆည်သွား ကားလမ်းပေါ်မှာ အောက်တိုဘာ ၁၅ ရက် ညနေ ၅ နာရီနဲ့ ၇ နာရီတို့မှာ စစ်ကားတချို့ကို တကြိမ်စီ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မုံရွာကနေလာတဲ့ စစ်ကားတစီးကို ဘုတလင်မြို့နယ် လက်ပံကျေးရွာနားမှာ တိုက်ခိုက်ခဲ့ပေမဲ့ မိုင်းမထိဘဲ ဒီပဲယင်းဘက် ဆက်ပြီး မောင်းထွက်သွားတယ်လို့ အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

အဲဒီကားဟာ မုံရွာဘက် ပြန်ထွက်လာချိန် ဒီပဲယင်းမြို့နယ် ပျံကျရွာနားမှာ ထပ်မံပြီး မိုင်းဆွဲ တိုက်ခိုက်ရာမှာ ကားပျက်ပြီး လူ ၂ ဦး ထိခိုက်သွားတယ်လို့ သိရပါတယ်။

အခုလို မိုင်းဆွဲတိုက်ခိုက်လို့ ဒဏ်ရာရသွားတဲ့ လူနာတွေကို လာခေါ်တဲ့ စစ်ကောင်စီကား တစ်စီးကိုလည်း လက်ပံကျေးရွာမှာ ထပ်မံ မိုင်းဆွဲ တိုက်ခိုက်လို့ နောက်ထပ်ကားတစ်စီး ထပ်မံပျက်စီးသွားတယ်လို့  လက်ပံကျေးရွာခံတချို့က ပြောပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာတော့ မွေ့တုံရွာနေ  ရွာသား ၂ ယောက်ကို အောက်တိုဘာ ၁၅ ရက် မနက် ၁၀ နာရီခွဲက   စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခဲ့တယ်လို့ ဒေသခံတွက ပြောပါတယ်။

မွေ့တုံရွာဇရပ်မှာ ထိုင်နေတုန်း စစ်ကောင်စီတပ်တွေ ဝင်လာတာမြင်ပြီး ထွက်ပြေး တိမ်းရှောင်ချိန် ကိုနေလင်းနဲ့ ကိုကျော်သူတို့ သေနတ်နဲ့ ပစ်ခံရတယ်လို့ ကိုနေလင်းရဲ့ သူငယ်ချင်းဖြစ်သူက ပြောပါတယ်။

“သူတို့ လာလို့ ရှောင်ဖို့ ထွက်ချိန်နောက်က သေနတ်နဲ့ လှမ်းပစ်ခံရတာ။ သူငယ်ချင်း ကို‌နေလင်းရဲ့ ခြေသလုံးမှန်တာ။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ မွေ့တုံရွာကို ဒီကောင်တွေ လာဝိုင်းတော့ ရွာသားတွေလည်း ကြောက်ပြီး ထွက်ပြေးရပြန်တယ်။ ပြေးရင်းနဲ့  ရွာအထွက်မှာ ကိုကျော်သူထပ် ထိတယ်။ ဆီးခုံမှန်တာလို့ ပြောတာပဲ။ ဘယ်သူမှတော့ အတိအကျမပြောနိုင်ဘူး။”

ကျည်ထိမှန်ခဲ့ သူရဲ့မိသားစုဝင်တွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ကာယကံရှင်မိသားစုဝင်တွေရဲ့ လုံခြုံရေးအရ ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ပုလဲမြို့နယ်တောင်ဘက်က မွေ့တုံရွာဟာ အိမ်ခြေ ၂၅၀ လောက်ရှိတယ်လို့  သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024