Home
မြန်မာသတင်း
ချင်းနှင့်စစ်ကိုင်းက အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ကို ယူကေအစိုးရ အနီးကပ် စောင့်ကြည့်နေ
DVB
·
October 15, 2021
492791-KALAY1-730x365

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ မြန်မာစစ်တပ်က စစ်အင်အားဆက်လက်တိုးမြှင့်နေမှုနဲ့ တိုက်ပွဲသတင်းတွေကို ယူကေအစိုးရက အနီးကပ်စောင့်ကြည့်နေပြီး အရေးယူမှုတွေ ပြုလုပ်နိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့  မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက အောက်တိုဘာ ၁၅ ရက် ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ကြီးမားတဲ့ ထိုးစစ်ဆင်မှုဟာ လူမှုအသိုက်အ၀န်းနဲ့ သူတို့ရဲ့ သက် မွေး၀မ်းကြောင်းလုပ်ငန်းတွေ၊ ပိုင်ဆိုင်မှုနဲ့ ၀တ်ပြုရာနေရာတွေ ထိခိုက်စေနိုင်တာကို စိုး ရိမ်မကင်းဖြစ်မိကြောင်းနဲ့ အဲဒီလို ကျူးလွန်မှုတွေကို မှတ်တမ်းတင်ထားနိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနဲ့အတူ အနီးကပ် ဆက်လက် လုပ်ကိုင်သွားမယ်လို့ လည်း ဗြိတိန်သံရုံးက ထုတ်ပြန်ပြောပါတယ်။

ကြိမ်ဖန်များစွာ ကြီးမားသောတိုက်ခိုက်နေမှုတွေက အာဏာသိမ်းစစ်တပ်ဟာ မြန်မာ ပြည်သူလူထုအပေါ် အလေးထားမှုမရှိတာကို ပြသနေတာဖြစ်ပြီး စစ်တပ်အနေနဲ့ အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ပြီး နိုင်ငံတကာဥပဒေကို လေးစားလိုက်နာရမှာဖြစ်တယ် လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အကြမ်းဖက်စစ်တပ်ရဲ့ အင်အားသုံးထိုးစစ်ဆင်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေခဲ့ပြီး တချို့ဒေသတွေမှာ ဒေသခံတွေ ထောင်သောင်းချီ နေရပ်စွန့် ခွာ တိမ်းရှောင်ဖို့ ပြင်ဆင်နေကြတာပါ။

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ ဒေသအတော်များများမှာတော့ အကြမ်း ဖက်အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေစတင်ခဲ့တာလနဲ့ချီကြာမြင့်နေခဲ့ပြီ ဖြစ်ကာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထောင်သောင်းချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်နေကြရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လခွဲ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်း ဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ် ပြန်ချက် အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ် မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၇၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၉,၀၀၀ ကျော် ရှိခဲ့ တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင် ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024