Home
မြန်မာသတင်း
မိုင်းကိုင်တွင် ကိုဗစ်လူနာ ကိုယ်ဝန်ဆောင်အမျိုးသမီး ကလေးမွေးဖွားပြီး သေဆုံး
DVB
·
October 15, 2021
245932873_3058442661150141_3707032184785103665_n

ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်မှာ အောက်တိုဘာ ၁၄ ရက်နေ့လယ်ပိုင်းက ကိုဗစ်-၁၉ ကူးစက်ခံရသူ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦး ကလေးမွေးဖွားအပြီး သေဆုံးခဲ့ပါတယ်။

ကိုဗစ်-၁၉ ကြောင့် အသက်ရှူကြပ်ရောဂါခံစားနေရကာ ကိုယ်ဝန် ၈ လနဲ့ ကလေးမွေးဖွားအပြီး မကြာမီ သေဆုံးခဲ့တာလို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။

"ကိုယ်ဝန်ဆောင်မိခင်က ကိုဗစ်-၁၉ ရောဂါဖြစ်နေတယ်။  လွန်ခဲ့တဲ့တစ်ပတ်ကတည်းက အိမ်မှာ ကြိတ်ပြီးဆေးကုနေတာ။ ခု အသက်ရှူကြပ်ပြီး ဆေးရုံရောက်လာတယ်။ ကလေးကိုတော့ မွေးပေးနိုင်ခဲ့တယ်၊ မိခင်ကိုတော့ လက်လွှတ်လိုက်ရတယ်" လို့ မိုင်းကိုင်ဆေးရုံ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ကိုယ်ဝန်ဆောင်ဟာ  မိန်းကလေးတစ်ဦးကို မနက် ၁၁ နာရီခွဲမှာ မွေးဖွားအပြီး နေ့လယ် ၁ နာရီ ကိုဗစ်ကြောင့် သေဆုံးသွားကာ ကလေးကတော့ ကျန်းမာတယ်လို့ သိရပါတယ်။

မိုင်းကိုင်မြို့နယ်မှာ အောက်တိုဘာ ၁၄ ရက်နေ့အထိ  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၅ ဦး၊  ဆေးကုသမှုခံယူနေသူ ၁၀ ဦး နဲ့ သေဆုံးသူ ၃ ဦးရှိပြီလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013