Home
မြန်မာသတင်း
ပွင့်ဖြူမြို့နယ်တွင် ရွာသား ၂ ဦးကို အကြမ်းဖက်စစ်တပ်က ရိုက်နှက်ဖမ်းဆီး
DVB
·
October 14, 2021
244710772_2684288665205911_9160436356775292284_n

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာမှာ အောက်တိုဘာ ၁၃ ရက်ညက ဒေသခံပြည်သူ ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လယ်မကျေးရွာမှာ မနေ့ ည ၁၀ နာရီလောက်က ကျောင်းကုန်းကြီးရွာသား ကိုကျော်ဆန်းမိုးနဲ့ အိမ်ရှင်ဖြစ်တဲ့ မောင်ထိုက်တို့ကို အကြမ်းဖက်စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားတာလို့ ရွာခံတစ်ယောက်က ပြောပါတယ်။

ပွင့်ဖြူမြို့နယ် ကံသာကြီးရွာမှာလည်း အောက်တိုဘာလ ၁၀ ရက်နေ့က အကြမ်းဖက်စစ်တပ်က ပစ်ခတ်ဖမ်းဆီးတာကြောင့် လူငယ်တစ်ယောက် သေဆုံးခဲ့ရပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ပွင့်ဖြူမြို့နယ်ထဲမှာ စစ်ကောင်စီသတင်းပေး ဒလန်တွေက PDF နဲ့ ဆက်စပ်တယ်ဆိုပြီးတော့ သတင်းပေးတာကြောင့် ဒေသခံပြည်သူတွေကို အကြမ်းဖက်စစ်တပ်က မကြာခဏ ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024