မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့မှာ စစ်ယူနီဖောင်းဝတ်ဆင်ကာ ကော်သေနတ်ကိုင်ဆောင်ပြီး ဟန်ရေးပြသွားလာနေတဲ့ စစ်ကောင်စီ သတင်းပေး အမျိုးသား တယောက် အောက်တိုဘာ ၁၁ ရက် မွန်းလွဲ ၁ လောက်က အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အသတ်ခံရသူဟာ ဦးဌေးလှိုင် ဖြစ်ပြီး မြေလတ် PDF နဲ့ မြင်းခြံ နှလုံးလှလူမိုက်ကြီးများအဖွဲ့က ပူးပေါင်းကာ သေနတ်နဲ့ ၇ ချက် ပစ်ခတ်သတ်ပစ်လိုက်တာလို့ ဆိုပါတယ်။
ဦးဌေးလှိုင်ဟာ တော်လှန်ရေးသမားတွေရဲ့သတင်းကို စုံစမ်းတာ၊ မြို့ပြပြောက်ကျား PDF တွေနဲ့ မြို့ပေါ်ပြည်သူတွေအပေါ် ဒုက္ခပေးနေတာကြောင့် ရှင်းလင်းရတာလို့လည်းဆိုပါတယ်။
ဦးဌေးလှိုင်အယောင်ဆောင် ကိုင်ဆောင်ထားတဲ့ ကော်သေနတ်နဲ့ ဓားတစ်ချောင်းကိုလည်း သိမ်းဆည်းခဲ့တယ်လို့ မြေလတ် PDF က ထုတ်ပြန်ထားပါတယ်။