မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော်လမြိုင်-ထားဝယ်ကားလမ်း စစ်ကောင်စီ လက်အောက်ခံ စကခ ၁၉ အမြောက်တပ်အနီး အောက်တိုဘာ ၁၁ ရက်နေ့က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ထုတ်ပြန်ပါတယ်။
လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမြောက်တပ်အနီး ခြံစည်းရိုးကာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှု ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။
ဗုံးခွဲတိုက်ခိုက်ပြီးနောက် ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထိခိုက်ဒဏ်ရာရတာမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ရေးမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၃ ဦးထက်မနည်း ပစ်သတ်ထားခံသလို ရဲတပ်ဖွဲ့ဝင် တစ်ဦးလည်း အနီးကပ် ဓားနဲ့ ထိုးသတ်ထားရပါတယ်။