Home
မြန်မာသတင်း
ဆိုင်ကယ်စစ်ရန် ရပ်ခိုင်းချိန် ကြောက်လန့်တကြားခုန်ချသူ အမျိုးသမီး ကားကြိတ် သေဆုံး
DVB
·
October 10, 2021
245111454_1225010757975308_706108664148673307_n

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ လှတောကျေးရွာက တြိဂံကွေ့နားမှာ အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းက စစ်အုပ်စုက ဆိုင်ကယ်စစ်ဆေးရေးလုပ်ဖို့ ရပ်တန့်ခိုင်းရာ နောက်က ထိုင်လိုက်တဲ့ အမျိုးသမီးက ကြောက်ကြောက်နဲ့ ခုန်ချစဉ် နောက်ကပါလာတဲ့ ၁၂ ဘီးကား ကြိတ်မိတာကြောင့်  သေဆုံးသွားတယ်လို့ သိရပါတယ်။

“သားဖသုံးယောက် စီးလာတဲ့ ဆိုင်ကယ်တစ်စီးကို လမ်းကြောတဘက်ကနေ စစ်သားတွေက ရပ်ခိုင်းလိုက်တာ။ သေနတ်တွေလည်း ချိန်ထားတာဆိုတော့ ကြောက်ကြောက်နဲ့ စက်ရှိန်သတ်ပြီး ခုန်ချလိုက်တာ။ နောက်ကလိုက်လာတဲ့ ၁၂ ဘီးကာက နင်းသွားတာပဲ” လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

သေဆုံးသူဟာ ရေထွက်ကျေးရွာက အသက် ၄၈ နှစ်ရှိ ဒေါ်မိုးလို့ သိရပြီး သားအဖ သုံးယောက် ဆိုင်ကယ်စီးပြီး လှတောဈေးကို ဈေးဝယ်လာစဉ် အခုလိုသေဆုံးသွားတာ ဖြစ်ပါတယ်။

စစ်တပ်က နေ့စဉ်စစ်ဆေးရေးလုပ်နေတာ မဟုတ်ဘဲ ဒီနေ့ တရက်သာ ပိုက်စိပ်တိုက် စစ်ဆေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

လှတော တြိဂံကွေ့၊ ရွာသာကြီးလမ်းဆုံ၊ ပင်းဇင်းရေဆိုးတံတား၊ ဝက်လက်မြို့ အဝင်ဂိတ်တွေမှာ တချိန်တည်း စစ်ဆေးမှုတွေ လုပ်နေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024