Home
မြန်မာသတင်း
ရွှေကျင်မြို့နယ်က ကျေးရွာများ၌ စစ်ကောင်စီက ပြည်သူ့စစ်အင်အား အဓမ္မစု​ဆောင်း
DVB
·
October 10, 2021
244542452_2745519609074063_2718384748996011167_n

ပဲခူးတိုင် ရွှေကျင်မြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီလက်အောက်ခံတပ်​တွေက ​ပြည်သူ့ စစ်အင်အားကို အဓမ္မလိုက်လံစုဆောင်းတောင်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာအုပ်စု တအုပ်စုကို ပြည်သူ့စစ်အင်အား ၃၀ လိုက်လံစု​ဆောင်း​နေပြီ ပြည်သူ့စစ်အင်အား မပေးနိုင်ပါက လူငှားထည့်ဖို့ ငွေးကြေး​ပေးရမယ်ဆိုပြီး ခြိမ်းခြောက်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ကွင်းဆိပ်ကျေးရွာ၊ ဒုံဇရစ်ကျေးရွာ၊ အနောက်ဘက်ကျေးရွာ၊ တံခွန်တိုင် ကျေးရွာနဲ့ ဝင်းခနိမ်ကျေးရွာ အပါအဝင် ကျေးရွာအုပ်စုတော်တော်များများမှာ လိုက်လံ စုဆောင်းနေတာပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နီးကပ်တဲ့ ရွာတွေမှာ တိတ်တဆိတ်စုဆောင်းတာတွေ လုပ်နေ​ပေမဲ့ ​မြို့နဲ့နီးကပ်တဲ့ ရွာ​တွေ၊ စစ်​ကောင်စီရဲ့တပ်ရင်းနဲ့ နီးကပ်တဲ့ရွာတွေမှာဆိုရင် အဓမ္မစုဆောင်း တောင်းခံတာ၊ ခြိမ်းခြောက်​ငွေ ​တောင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သုံးကြိမ်တိုင်တိုင် ရွာကို ရောက်လာပြီး ခြိမ်း​ခြောက်ကာ ပြည်သူ့စစ်အင်အား မပေးနိုင်ပါက လူငှားထည့်ပေးဖို့ လူတစ်ဦးကို ငှားခ ၁ သိန်းခွဲတောင်းခံတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “တချို့ လူငယ်တွေ၊ လူလတ်ပိုင်းတွေက ရွာတွေမှာ မနေရဲလို့ တိမ်းရှောင်တာတွေ ရှိနေကြတယ်။ သူတို့ ပြည်သူ့စစ်အင်အားတောင်းလို့ ရှောင်တော့လည်း ဘယ်သွားနေလဲ၊ PDF ထဲ ဝင်သွားတာလား၊ ပြန်ခေါ်ပေးဆိုပြီး လုပ်ပြန်တယ်။ ရွာမှာ လူငယ်လူရွယ်မရှိတာနဲ့ PDF ထဲ ဝင်တယ်လို့ သူတို့က ထင်တယ်။ သူတို့ကြောင့် ရှောင်နေရတာကို မတွေးဘူး။”

စစ်ကောင်စီဘက်က အပစ်အခတ်ရပ်ဖို့  ၅ လ ကြေညာထားပေမဲ့ ရွှေကျင်မြို့နယ်နဲ့ ထိစက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိတဲ့ ဒေသတွေမှာ စစ်ကောင်စီက တပ်အင်အားတိုးချဲ့တာ စစ်ဘက်သုံးလေယာဉ်တွေနဲ့ နေ့စဉ် ကင်းထောက်နေတာကြောင့် ဒေသခံပြည်သူတွေ ကြောက်ရွံ့ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024