စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ နဘက်ကြီး မယ်တော်နန်းအနီးမှာ အောက်တိုဘာ ၈ ရက်နေ့ မနက်ပိုင်းက ကင်းလှည့်ပြန်လာတဲ့ စစ်သား ၂၀ ခန့်ပါတဲ့ စစ်ကားတစ်စီးကို တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ (TPC) က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒေသခံတဦးက “နဘက်ကြီးစခန်းက စစ်သားတွေ ရွာတွေကို ကင်းလှည့်ပြီးအပြန်မှာ စီတုံးလုံးချောင်း နဘက်ကြီး မယ်တော်နန်း မူးဘောင်အကူးမှာ မိုင်းဆွဲခံရတယ်လို့ သိရတယ်။ သေနတ်ပစ်ခတ်သံတွေလည်း ကြားတယ်” လို့ ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကားဟာ နဘက်ကြီးစခန်းကဖြစ်ပြီး ကျေးရွာတွေဘက်ကို ကင်းလှည့်ပြီး အပြန်လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ကာ စစ်ကားပေါ်မှာ စစ်သား ၂၀ လောက် ပါလာတာကြောင့် ထိခိုက်ကျဆုံးမှု ရှိနိုင်တယ်လို တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့က ကြေညာထားပါတယ်။
တန့်ဆည်မြို့နယ် ပြည်သူ့ရဲဘော်အဖွဲ့ (TPC) အနေနဲ့ ဩဂုတ် ၁၆ ရက်နေ့ကလည်း ဒေါင့်ကြီးရွာဘက်က ပြန်လာတဲ့ စစ်ကား(အိမ်စီးကား) နှစ်စီးကို မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။