Home
မြန်မာသတင်း
လှိုင်မြို့နယ်တွင် ဗုံးနှစ်ကြိမ်ပေါက်ကွဲ၊ ရဲတပ်ဖွဲ့မှူးအပါအဝင် ၃ ဦးဒဏ်ရာရ
DVB
·
October 9, 2021
245102703_3052717821722625_6419653746667277375_n

ရန်ကုန်တိုင်း လှိုင်မြို့နယ်၊ အင်းစိန်လမ်း အမှတ် (၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ အောက်တိုဘာ ၉ ရက် ညနေပိုင်းက ဗုံးနှစ်ကြိမ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

ပထမအကြိမ်ပေါက်ကွဲမှုကြောင့် အမှိုက်ကောက်သူ ဇော်မျိုးထွန်း လက်ပြတ်ထွက်ပြီး ဒုတိယအကြိမ်ပေါက်ကွဲရာမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"ညနေ ၃ နာရီလောက် ပေါက်တာ။ ပထမဆုံးပေါက်တော့ အမျိုးသမီး တစ်ဦး လက်ကောက်ဝတ်က ပြတ်သွားတယ်။ အဲဒါကို လာစစ်ဆေးတဲ့ မြို့နယ်ရဲမှူးလည်း စစ်ဆေးနေတုန်း ဒုတိယအကြိမ်ထပ်ပေါက်တော့ ဗုံးစထိမှန်ခဲ့တယ်။”

ဗုံးပေါက်ကွဲမှုအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အနီးနားပတ်ဝန်းကျင်ကို စုံစမ်းစစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေပြီး ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က ပြုလုပ်တယ် ဆိုတာကတော့ မသိရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024