Home
မြန်မာသတင်း
အမြင့်မြို့ဟောင်းကို စစ်ကောင်စီတပ်များ ဝင်စီးနင်း၊ အမျိုးသား ၁ ဦးကို ပစ်သတ်
DVB
·
October 7, 2021
244742652_2939949482986622_9093036939152124602_n

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်ဦးမြို့နယ်ရှိ အမြင့်မြို့ဟောင်းဒေသမှာ အောက်တိုဘာလ ၇ ရက် မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်တပ်တွေဝင်ရောက်စီးနင်းပြီး သစ်ဆိမ့်ကျေးရွာမှာ အမျိုးသား ၁ ယောက်ကို ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ချောင်းဦး-ခင်မွန်-ရွှေဒါးကျ လမ်းအတိုင်းဝင်လာပြီး သစ်ဆိမ့်ကျေးရွာအရောက်မှာ အမျိုးသားတယောက်ကို  ပစ်သတ်ကာ  နှစ်ယောက်ကိုတော့ ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ အင်အားအလုံးအရင်းနဲ့ အမြင့်ရဲစခန်းမှာ တပ်စွဲထားပြီး  “PDFတွေ မိုက်ရင်ထွက်ခဲ့” လို့ဆိုကာ ခြိမ်းခြောက် ဆဲဆိုနေကြတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။ 

“အမြင့်ရဲစခန်းမှာ တပ်စွဲထားတာ။ ရဲစခန်းထဲကနေ PDF တွေ ထွက်ခဲ့ဆိုပြီး အော်တယ်။ ဆဲဆိုတာတွေလည်း လုပ်တယ်။ လက်နက်တွေနဲ့ ဆိုင်ကယ်စီးပြီး ရွာထဲမှာကိုပတ် ဆဲဆိုကြိမ်းမောင်းနေတယ်။”

အမြင့်မြို့ဟောင်းအနီးကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်တွေက ဝင်စီးနင်းပြီး အမြင့်ရဲစခန်းမှာ တပ်စွဲထားတဲ့အတွက် ဒေသခံပြည်သူတချို့ကတော့  စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024