စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တောင်ပူလူကျေးရွာအနီးက စစ်တပ်ပိုင် Mytel တာဝါတိုင်ကို အောက်တိုဘာ ၇ ရက် နေ့လယ် ၁၂ နာရီကျော်က မိုင်းဆွဲ ဖောက်ခွဲခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“အခုလေးတင် ဖောက်ခွဲသွားတာ။ အသံကတော့ အကျယ်ကြီး ကြားရတာ။ ဘာတွေ ပျက်မယ်လို့တော့ မသိရဘူး။ သွားလည်း မကြည့်ရဲဘူးဗျ။ ဘယ်အဖွဲ့ လုပ်တာလဲ မသိဘူး။”လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။
တာဝါတိုင် ဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီတပ်က အရပ်ဝတ် အယောက် ၂၀ ထက်မနည်း ကျေးရွာအတွင်း ကင်းပတ်နေကြတယ်လို့လည်းဆိုပါတယ်။
အဆိုပါ တောင်ပူလူကျေးရွာဟာ လက်ပတောင်းတောင်းစီမံကိန်းနယ်မြေနဲ့ အနီးဆုံး ကျေးရွာဖြစ်ပြီး ညောင်ပင်ကြီးကျေးရွာနဲ့ အနောက်ဘက်ရွာမှာတည်ရှိတဲ့ ကျေးရွာတစ်ရွာလည်း ဖြစ်ပါတယ်။