Home
မြန်မာသတင်း
စဉ့်ကိုင်မြို့နယ်တွင် စစ်ကောင်စီတပ်သားများ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ
DVB
·
October 5, 2021
244393671_1479973692388446_7527208192986350487_n
244484907_1479973695721779_3165115338898734032_n

မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ဖလံဗိုလ်ကျေးရွာရှိ စစ်ကောင်စီတပ်သားတွေရှိနေတဲ့ နေရာ အောက်တိုဘာလ ၅ ရက် မနက် ၇ နာရီခွဲလောက်က လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခံလိုက်ရတယ်လို့ သိရပါတယ်။

ဆိုင်ကယ်နဲ့ လူ ၂ ယောက်က လာပစ်တာဖြစ်ပြီး လက်ပစ်ဗုံး ၂ လုံးအနက် ၁ လုံးသာ ကွဲခဲ့ကာ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ စဉ့်ကိုင်မြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

“မနက်ခင်းတုန်းက ဖလံဗိုလ်ရွာဘက် ဖြစ်သွားတာတော့ ကြားတယ်။ အဲ့ဒီဘက်ကလူတွေ မေးကြည့်တော့ ရွာဆေးပေးခန်းနားမှာရှိတဲ့ စစ်သားတွေကို ဗုံးနဲ့ လာပစ်သွားတာ။ ထိခိုက်ဒဏ်ရာရတယ်လို့တော့ မကြားဘူး။”  

ဒီလိုလက်ပစ်ဗုံးနဲ့ ပစ်ခံရတဲ့အတွက် စစ်ကောင်စီတပ်သားတွေဟာ ပြန်လည်ပစ်ခတ်ပေမယ့် လက်ပစ်ဗုံးနဲ့ လာပစ်သူတွေကို ဖမ်းဆီးရမိတာ မရှိဘူးလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024