Home
မြန်မာသတင်း
မုံရွာမြို့က NLDရပ်ကျေးရုံးကို စစ်တပ်ကချိတ်ပိတ်၊ အလုံစစ်​​ဆေးဂိတ်၌ ပြည်သူနှစ်ဦး အဖမ်းခံရ
DVB
·
October 5, 2021
244412941_2938181299830107_3504809181968958349_n

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ အလုံစစ်​​ဆေးဂိတ်မှာ​ မနေ့က ပြည်သူ ၂ ဦး ဖမ်းဆီးခံရပြီး ဒေါနခြံရပ်ကွက်က NLD ပါတီရုံးကိုလည်း စစ်ကောင်စီက ချိတ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ အလုံစစ်​​ဆေးဂိတ်မှာ ​အောက်တိုဘာ ၄ ရက် ညနေ ၆ နာရီလောက်က အမျိုးသမီး ၂ ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

မျက်မြင်တစ်ဦးက “အမျိုးသမီး ၂ ယောက် အသက် ၂၀ ဝန်းကျင်၊ အလုံစစ်ဆေးဂိတ်မှာ စစ်ဆေးတယ်၊ သူတို့က PDF တွေ ထောက်ပံ့တယ်ဆိုပြီး ဖမ်းခေါ်သွားတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသမီး ၂ ဦး ဘယ်သူတွေဆိုတာ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

မုံရွာမြို့ ပြည်ထောင်စုလမ်းဘေး ဒေါနခြံရပ်ကွက်က  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရပ်ကျေးရုံးကို အောက်တိုဘာ ၄ ရက်နေ့  စစ်ကောင်စီက ချိတ်ပိတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အခုမနက် ကျနော်တို့ ဒေါနခြံရပ်ကွက်မှာရှိတဲ့ NLD ရပ်ကျေးရုံးကို စစ်ကောင်စီတပ်က လာပြီး ချိတ်ပိတ်တဲ့ ဗီနိုင်းလာကပ်ခဲ့ထားတာ တွေ့ရတယ်။”

စက်တင်ဘာ ၂၉ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဒေါနခြံရပ်ကွက်က NLD ရပ်ကျေးရုံးကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီး နေအိမ်မှာရှိတဲ့ မိသားစုဝင် ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဖမ်းဆီးထားတဲ့ မိသားစုဝင် ၆ ဦးအနက် အောက်တိုဘာ ၄ ရက်နေ့ ညနေက ၂ ဦး ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013