ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ သဲဖြူကျေးရွာမှာ အသတ်ခံထားရတဲ့ စစ်တပ်သတင်းပေး ၂ ယောက်ရဲ့ အလောင်းတွေကို အောက်တိုဘာ ၂ ရက်က ဒေသခံတွေ တွေ့ရှိခဲ့ပါတယ်။
သဲဖြူကျေးရွာက စစ်တပ်သတင်းပေး ဦးဆန်းတင့်နဲ့ ဦးတင့်ထူးတို့နှစ်ယောက်ကို လွန်ခဲ့တဲ့ ၃ ပတ်လောက်က ဓားနဲ့ရှင်းလင်းခဲ့တာဖြစ်တယ်လို့ မြစ်ဝကျွန်းပေါ်ပြောက်ကျားတပ်ပေါင်းစု အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“သူတို့နှစ်ယောက်ကို စောင့်ကြည့်နေတာ ကြာပြီ။ သူတို့ကြောင့် အဖမ်းခံရတာ မနည်းဘူး။ နှစ်ယောက်လုံးကို ရွာထိပ်မှာ ရှင်းလင်းပြီး မြေမြှုပ်ခဲ့တာပါ။ အခု အလောင်းပေါ်တော့ အရိုးတွေ ကြည့်ပြီး စစ်တပ်က အတည်ပြုသွားတာ” လို့ ပြောပါတယ်။
သေဆုံးခဲ့တဲ့ သတင်းပေး ၂ ယောက်ရဲ့ အလောင်းကို အကြမ်းဖက်စစ်အုပ်စုက ငရုတ်ကောင်းမြို့ ဆေးရုံမှာ စစ်ဆေးနေတယ်လို့ဆိုပါတယ်။
အလောင်းတွေ့ရှိပြီးနောက်ပိုင်းမှာတော့ သဲဖြူကျေးရွာနဲ့ ကနစိုးကုန်းကျေးရွာတွေကို အကြမ်းဖက်စစ်အုပ်စုက အင်အားအများအပြားနဲ့ ဝင်ရောက်စစ်ဆေးနေပါတယ်။