မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာမှာ ရဲတပ်ကြပ်တစ်ဦး အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးသွားပါတယ်။
သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးသွားတဲ့ ရဲတပ်ကြပ်ဟာကျိုက်ထိုမြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ ကျော်စိုးမိုးဆိုသူဖြစ်ပြီး သူ့ရဲ့နေအိမ်ရှေ့မှာ အမည်မသိ သေနတ်သမားက လာရောက်ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဖက္ကလိပ်ကျေးရွာသားတစ်ဦးက “ညနေ ၆ နာရီလောက်က ဆိုင်ကယ်နဲ့ လာပြီးပစ်သွားတာ။ ၆ ချက်တောင် အပစ်ခံရလို့။ သူ့အိမ်ရှေ့မှာ တံမြက်စည်းလှဲနေတုန်း။ ပွဲချင်းပြီး သေတယ်”လို့ ပြောပါတယ်။
ရဲတပ်ကြပ် ကျော်စိုးမိုး သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက်မှာ အခင်းဖြစ်ပွားရာ နေရာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး စစ်ဆေးမေးမြန်း ပိတ်ဆို့ ရှာဖွေနေပါတယ်။
စက်တင်ဘာ ၁၉ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအုပ်စုက ရာအိမ်မှူး ချစ်သန်းဟာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရလို့ သေဆုံးခဲ့ပါတယ်။