Home
မြန်မာသတင်း
ရေစကြိုမြို့နယ်၌  ရဲတပ်ကြပ် ၁ ဦး လက်နက်နှင့် အလင်းဝင်
DVB
·
March 1, 2024
Khaing 1022024

မကွေးတိုင်း၊ ရေစကြိုမြို့၊ နံ့သာဟေဝန်ပန်းခြံထဲက စစ်ကောင်စီတပ် လက်အောက်ခံ ရဲတပ်ကြပ်တယောက်  ဖေဖော်ဝါရီ ၂၉ ရက်က လက်နက်နဲ့တကွ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ခဲ့တယ်လို့ ရေစကြိုမြို့နယ်ပကဖကနေ သိရပါတယ်။

ရေစကြိုမြို့နယ် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံက “မနေ့ညနေ ၄ နာရီလောက်က စပြီး ဆက်သွယ်လာတာ၊ ၅ နာရီလောက်မှာ ကျနော်တို့ရဲဘော်တွေက ဘေးကင်းကင်းနဲ့ သွားခေါ်နိုင်ခဲ့တယ်။ ညတွင်းချင်း ခေါ်လိုက်တာပါ။ သူ့မှာ ကာဘိုင်သေနတ်တလက်နဲ့ ကျည် ၁၀၀ ပါပါတယ်” လို့ ပြောပါတယ်။

ရေစကြိုပကဖထံကို လက်နက်နဲ့တကွ အလင်းဝင်လာသူကို လုံခြုံတဲ့နေရာမှာ ထားပေးထားပြီး သူ့ဆန္ဒအတိုင်း ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

လက်နက်နဲ့တကွ အလင်းဝင်လာသူ ရဲတပ်ကြပ်ကို ရေစကြိုမြို့နယ်ပကဖက ဆုကြေးပေးဖို့ စီစဥ်နေပြီး ရေစကြိုမြို့ပေါ်မှာတော့ စစ်ကောင်စီတပ်က မတ်လ ၁ ရက် မနက်ပိုင်းမှာ စစ်ဆေးနေတာတွေ ရှိတဲ့အပြင် စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး လက်ကမ်းစာစောင် ဝေတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013