Home
မြန်မာသတင်း
ဂန့်ဂေါမြို့နယ်၌ စစ်တပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ပြည်သူ ၃ ဦး ဒဏ်ရာရ
DVB
·
October 3, 2021
244394210_1699970276874627_5370863504360817125_n

မကွေးတိုင်း၊  ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါ-ကလေး ကားလမ်းပေါ်က ကျေးရွာနှစ်ရွာမှာ  အောက်တိုဘာ ၂ ရက်က စစ်ကောင်စီအကြမ်းဖက်တပ်တွေက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဆန်စ ထိမှန်လို့ ပြည်သူ ၃ ယောက် ဒဏ်ရာရသွားပါတယ်။

ဒဏ်ရာရသူတွေကို ကူညီပေးနေသူတဦးက “တယောက်ကတော့ ဒဏ်ရာက ပေါင်မှာရတယ်။ အမျိုးသားပါ။ မနေ့က စစ်ကား ရွာထဲဖြတ်ရင်း ပစ်သွားတာမှာ ထိတာ။ စိုးရိမ်စရာတော့မရှိပါဘူး။ နောက်နှစ်ယောက်ကတော့ တခြားရွာက။ သူတို့လည်း အဲလိုပဲ။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။ အားလုံး အမျိုးသားတွေပါ"လို့ ပြောပါတယ်။ 

ဂန့်ဂေါမြို့နယ်အတွင်း အင်တာနက်ဖြတ်တောက်ခံထားရပြီး စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေတာပါ။

မနေ့ကလည်း ထယ်လှော်ရွာ အနောက်ခြမ်းရှိ နေအိမ် အနည်းဆုံး ၇ လုံးကို ဒေသခံပျူစောထီးတွေ  စစ်ကောင်စီအကြမ်းဖက်တပ်တွေက မီးရှို့ခဲ့ပါသေးတယ်။

အောက်တိုဘာလ ၃ ရက်မနက်မှာလည်း ထယ်လှော်ရွာမှာ ပေါက်ကွဲသံတခုကြားရပြီး နေအိမ် အနည်းဆုံး ၁ လုံးကို စစ်ကောင်စီအကြမ်းဖက်တပ်တွေ မီးရှို့ခဲ့ပါတယ်။

လက်ရှိမှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေက ဂန့်ဂေါ-ကလေး ကားလမ်းပေါ်က ရွာတွေကို တရွာဝင် တရွာထွက်ပုံစံနဲ့ လှည့်လည်သွားလာနေပြီး အကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်နေကြပါတယ်။ 

ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီအကြမ်းဖက်တပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၃၀ ‌ကျော် သေဆုံးပြီး နေအိမ် ၁၀၀ ကျော် မီးလောင်ဆုံးရှုံးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024