မိုးညှင်းမြို့အနီး မြေငလျင်လှုပ်
DVB
·
October 3, 2021
ကချင်ပြည်နယ်၊ မိုးညှင်းမြို့အနီး အင်အားရစ်ချ်တာစကေး ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု အောက်တိုဘာ ၃ ရက် မနက်အစောပိုင်းက လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် မြန်မာစံတော်ချိန် ၄ နာရီခွဲကျော်လောက်မှာ ကသာမြေငလျင်စခန်းမှ မြောက်ဘက် မိုင် ၄၀ ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း မိုးညှင်းမြို့ရဲ့ အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာလို့ ဆိုပါတယ်။
အဆိုပါ မြေငလျင်ကြောင့် ထိခိုက် ပျက်စီးမှု သတင်းတွေကတော့ မရရှိပါဘူး။