မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စခန်းကြီးကျေးရွာ မော်လမြိုင်-ရေး အဝေးပြေးလမ်းမဘေးရှိ စစ်ကောင်စီပိုင် Mytel ဆက်သွယ်ရေးလိုင်း တာဝါတိုင်ကို အောက်တိုဘာလ ၁ ရက်နေ့တွင် ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ သံဖြူဇရပ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းဖျက်ဆီးနိုင်ခဲ့တယ်လို့ ရေး PDF က ပြောပါတယ်။
ညနေ ၆ နာရီ ၂၀ မိနစ်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး ညနေ ၆ နာရီ ၃၅ မိနစ်မှာ မိုင်းဖောက်ခွဲ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရေး PDF က ပြောပါတယ်။
ဖျက်ဆီးခံခဲ့ရတဲ့ တာဝါတိုင်နဲ့ ကိုက် ၅၀ အကွာမှာ စစ်ကောင်စီ တပ်ရင်းတွေ ရှိနေပေမဲ့ အန္တရာယ်ကင်းကင်း ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းတွင်လည်း ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF က စစ်ကောင်စီပိုင် Mytel တာဝါတိုင်တွေကို ၄ ကြိမ် ဖျက်ဆီးနိုင်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့မှာတော့ သံဖြူဇရပ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TPDF နဲ့ ပူးပေါင်းပြီး နောက်တစ်ကြိမ် ထပ်မံဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တနိုင်ငံလုံးမှာရှိတဲ့ Mytel တာဝါတိုင် ၂ဝဝဝ ကျော်ထဲက တိုင်ပေါင်း ၈၀ ကျော်လောက် ဒေသဆိုင်ရာ PDF တွေက ဖျက်ဆီးထားပါတယ်။