ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ အောက်တိုဘာ ၁ ရက်နေ့ ညနေပိုင်းက အကြမ်းဖက်စစ်အုပ်စုရဲ အမာခံသတင်းပေးဆိုပြီး နာမည်ထွက်နေသူ ၁ ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
သပြေကုန်တိုက်နယ်စျေးအနားမှာ စစ်တပ်သတင်းပေး ဂျပ်ကြီး (ခ) ဝင်းမြင့်အောင်ဆိုသူကို အမည်မသိသေနတ်သမားက အနီးကပ်ပစ်သတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“သပြေကုန်းစျေးရဲ့တောင်ဘက်မှာ ဆိုင်ကယ်ပေါ်မှာ အပစ်ခံရတာ။ ပွဲချင်းပြီးသေတယ်လို့ သိရတယ်။ ဖြစ်တဲ့နေရာက ဟိုတလောလေးကမှ မီးပုလင်းနဲ့ အပစ်ခံရတဲ့ ရဲစခန်းနားမှာဖြစ်သွားတာ” လို့ ပြောပါတယ်။
စစ်တပ်သတင်းပေး အမျိုးသား သေနတ်နဲ့ပစ်သတ်ခဲ့ရတဲ့ နေရာဟာ စက်တင်ဘာလ တတိယပတ်လောက်က ရဲစခန်းကိုမီးပုလင်းပစ်ဖို့ ဒေသခံတော်လှန်ရေးလူငယ်တွေ စီစဥ်ခဲ့တဲ့ နေရာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါအမျိုးသား ပစ်သတ်ခံရပြီးနောက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုလက်နက်ကိုင်တွေက ပတ်ဝန်းကျင်ကို ဆဲဆိုခြိမ်းခြောက်တာတွေပြုလုပ်ခဲ့ပြီး ညပိုင်းမှာ ဧည့်စာရင်းစစ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။