Home
မြန်မာသတင်း
ရေစကြိုမြို့၌ စက်သုံးဆီပြတ်မည့်သတင်းကြောင့် Denko ဆီဆိုင်တွင် ကြိတ်ကြိတ်တိုးတန်းစီနေ
DVB
·
October 1, 2021
243968717_2679087042394570_5218533428512653179_n
244112227_2679086992394575_4553443421139692735_n
244048951_2679087095727898_1822933278864601241_n

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့မှာ စက်သုံးဆီ ပြတ်လပ်တော့မယ်လို့ သတင်း‌တွေ ထွက်ပေါ်နေတဲ့အတွက် ရေစကြို Denko ဆီဆိုင်မှာ ပြည်သူတွေ ကြိတ်ကြိတ်တိုး တန်းစီဝယ်ယူနေကြပါတယ်။

ရေစကြိုမြို့မှာ Denko နဲ့ တော်ဝင်ဆီဆိုင် နှစ်ဆိုင်ရှိပြီး တော်ဝင်ဆီဆိုင်ကတော့ ပိတ်ထားတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

ရေစကြိုမြို့မှာ Denko ဆီဆိုင်ရဲ့ အောက်တိုဘာ ၁ ရက်နေ့ ဆီဈေးဟာ  92 ကတော့ ၁၆၄၅ ကျပ်နဲ့ 95 ဈေးနှုန်းကတော့ ၁၇၇၅ ကျပ် ပေါက်ဈေးရှိနေပါတယ်။

ဒီလို ဈေးအမြင့်မှာရှိနေပေမယ့် ဆိုင်ကယ်တွေအများဆုံး ဆီဖြည့်ဖို့တိုးကြိတ်ဝယ်ယူ နေကြတယ်လို့သိရပါတယ်။

ဆီဖြည့်ဖို့တန်းစီနေတဲ့ ဒေသခံတစ်ဦးက “မနေ့က သတင်းကြားတာပေါ့ဗျာ၊ ဆီပြတ်တော့မှာနဲ့ ပြောနေကြတော့ သွားတန်းစီရတာပေါ့။ တချို့ကလည်း မရှိ မစီးဘူးဆိုပြီးတော့ နေကြတာပေါ့။ ကျနော်တို့လို မနေနိုင်တဲ့သူတွေကတော့ တိုးကြိတ် ဆီဖြည့်ရတာပဲ၊ ရေစကြိုမှာ ဆီဆိုင်လေး နှစ်ဆိုင်ရှိတာ တစ်ဆိုင်ကလည်း ပိတ်ထားတော့ တကယ်ပြတ်မယ်ပဲ ထင်ကြတာ။ စောင့်လိုက်ရတာဗျာ ကိုယ့်အလှည့်ကို မရောက်နိုင်ဘူး။ ပိုက်ဆံပေးဝယ်ရတာတောင် အခုခေတ်က တိုးကြိတ်ဝယ်ရပြီးတော့ ကိုယ့် အလှည့်ရောက်ရင် ကျေးဇူးတင်နေရတဲ့အဖြစ်ကိုရောက်နေတာပဲ”လို့ ပြောပါတယ်။

ရေစကြိုမြို့မှာ စက်သုံးဆီပြတ်လပ်တော့မယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပြီးအခုလို စက်သုံးဆီဆိုင်မှာ တိုးကြိတ်ဝယ်ယူနေကြတာဖြစ်ပါတယ်။

မန္တလေးမြို့မှာတော့ စက်သုံးဆီဈေးနှုန်း 92 နဲ့ 95 ဈေးနှုန်းတွေဟာ အောက်တိုဘာ ၁ ရက် ပေါက်ဈေးအရ ၂၀၀၀ ကျပ်ဝန်းကျင်မှာရှိနေပါတယ်။  ၇၈ လမ်းက Denko ဆီဆိုင်မှာတော့  92 တစ်လီတာကို ငွေကျပ် ၁၁၀၀ ကျော်နဲ့ရောင်းချပေးနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024