မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ မြေသန့်တောင်ရွာနဲ့ ဥယျာဉ်ကျေးရွာတို့မှာ ဒလန်လို့ အမည်ထွက်သူ တချို့ အောက်တိုဘာ ၁ ရက် မနက်ပိုင်းက အသတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁ ရက် မနက်က မြေသန့်တောင်ကျေးရွာနေ ဒလန်ဟု အမည်ထွက်သူ မယဉ်ယဉ်ကို MGN Tiger အဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး ဥယျာဉ်ကျေးရွာနေ ဒလန်လို့ အမည်ထွက်နေသူ သိန်းဇော်မင်းနဲ့ဇနီးတို့ဟာလည်း ဆိုင်ကယ်စီးနင်းလာစဉ် သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသံတွေက ပြောပါတယ်။
သူတို့ ၂ ဦးကို ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တယ်လို့ မသိရပေမဲ့ သေနတ်နဲ့ ငါးချက် ပစ်သတ်ခံရတဲ့ သန်းဇော်မင်းရဲ့ ဇနီးကတော့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပြီး သိန်းဇော်မင်းအခြေအနေကိုတော့ အတိအကျ မသိရသေးပါဘူး။
သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြေသန့်တောင်ရွာနဲ့ ဥယျာဉ်ကျေးရွာအနီးဝန်းကျင်မှာ အကြမ်းစစ်ကောင်စီတပ်တွေက လိုက်လံ စစ်ဆေးနေပါတယ်။