စစ်ကိုင်းတိုင်း ကျွန်းလှမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနားက လက်ဖက်ရည်ဆိုင်မှာ အောက်တိုဘာ ၁ ရက် မနက် ၇ နာရီကျော်က ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့် ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကျွန်းလှမြို့ခံတစ်ဦးက “ဗုံးပေါက်ကွဲတာဟုတ်တယ်။ ဗိုလ်မှူး ဝင်းနိုင်ထွေး ဆိုတဲ့သူ သေသွားတယ်လို့ ပြောတယ်။ ဒဏ်ရာရတဲ့သူတွေကိုလည်း ကန့်ဘလူ ဆေးရုံပို့ထားတယ်” လို့ ပြောပါတယ်။
ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က ပြုလုပ်ခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။
ဗုံးပေါက်ကွဲမှုကြောင့် အခုအခါ စစ်ကောင်စီတပ်တွေ ကျွန်းလှမြို့ကို စစ်ကြောင်းထိုးမယ့် ပုံစံတွေ့ရတယ်လို့ ကျွန်းလှဒေသခံတချို့ဆီက သိရပါတယ်။