မကွေးတိုင်း၊ ဆောမြို့နယ်မှာ စက်တင်ဘာ ၂၅ ရက်မှ ၂၉ ရက်အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ PDF ပူးပေါင်းတပ်တွေ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၀ ကျော် သေဆုံးခဲတယ်လို့ YDF-ဆောက ဒီနေ့ ထုတ်ပြန်ပါတယ်။
ကန်ပက်လက်မြို့နယ်နဲ့ ဆောမြို့နယ်အစပ်က မောင်တော်၊ နှမတော် တောင်ကြောမှာ စက်တင်ဘာ ၂၅ ရက်က အပြစ်မဲ့ပြည်သူ ၃ ယောက်ကို အကြမ်းဖက်စစ်အုပ်စုတွေ ဖမ်းဆီးသတ်ဖြတ်ခဲ့တာကြောင့် စက်တင်ဘာ ၂၅၊ ၂၆၊ ၂၇ ရက်တွေမှာ ကန်ပက်လက် CDF နဲ့ YDF (ဆော၊ ကျောက်ထု) တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဆောမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလက်တဲ့ အကြမ်းဖက်စစ်အုပ်စု ၃၀ လောက်ကို စက်တင်ဘာ ၂၉ ရက်က YDF(ဆော၊ ကျောက်ထု)၊ ဆော PDFနဲ့ CAF-MGPDF တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၁ ယောက်လောက် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်က ဖမ်းဆီးသတ်ဖြတ်တာကြောင့် အပြစ်မဲ့ပြည်သူ ၃ ယောက်ကျဆုံးခဲ့ရသလို နှစ်ဘက်တိုက်ပွဲ့အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပြီးတော့ ပစ်ခတ်တာကြောင့် YDF ဘက်က ၃ ယောက် အနည်းငယ်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။