ယုဇနဥယျာဥ်မြို့တော်မှာ စက်တင်ဘာလ ၂၉ ရက်နေ့ညပိုင်းက အကြမ်းဖက်စစ်အုပ်စုကား ဗုံးခွဲခံခဲ့ရလို့ ၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး နာရေးကူညီမှုအသင်းက လူငယ်အချို့ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ယုဇနဥယျာဥ်မြို့တော် ၁၄ လမ်း အေဘီကြားမှာ အကြမ်းဖက်စစ်အုပ်စုကားကို ည ၉ နာရီခွဲလောက် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး မိနစ်ပိုင်းအကြာမှာ လူနာတင်ကား ၂ စီးရောက်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သား သေဆုံးသူ အနည်းဆုံး ၂ ဦး လောက်ရှိနိုင်ပြီး ဒဏ်ရာရသူတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။
မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတဲ့ နေရာကို အကြမ်းဖက်စစ်အုပ်စုရဲ့တပ်သားတွေ ထပ်ရောက်လာပြီး ပတ်ဝန်ကျင်ကို ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့သလို ၆ လမ်း ဘီကိုဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ပြီး နာရေးကူညီးရေးအသင်းက လူငယ်တချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
တောင်ဒဂုံမြို့နယ်မှာ စက်တင်ဘာလ ၂၈ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုကား မိုင်းခွဲတိုက်ခိုက်ခံခဲ့ရလို့ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ပါသေးတယ်။