စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ချောက်တင်းကျကျေးရွာအနီးမှာ စက်တာဘာ ၂၉ ရက် မနက်ပိုင်းက စစ်ကောင်စီယာဉ် ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
စက်တာဘာ ၂၉ ရက် မနက် ၉ နာရီလောက်က မုံရွာ-ပုသိမ် ကားလမ်းအတိုင်း မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ယာဉ် ၃ စီးဟာ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီလုပ်ကွက်နဲ့ ဆားလင်းကြီးမြို့အကြား ချောက်တင်းကျ ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကို ဒေသခံ PDF အဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ကား ၃ စီးလုံးမှာ စစ်ကောင်စီတပ်သား အပြည့်တင်ဆောင်လာတာဖြစ်သလို ကားအားလုံး မိုင်းထိမှန်ခဲ့တာကြောင့် အသေပျောက်များနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီ မိုင်းထိမှန်တဲ့ စစ်ကောင်စီကားတွေဟာ ဘယ်ဒေသကိုသွားမယ်ဆိုတာ မသိသလို သေဆုံးထိခိုက် အရေအတွက်စာရင်းကိုလည်း မသိရသေးဘူးလို့ ဒေသခံက ပြောပါတယ်။