Home
မြန်မာသတင်း
မကွေးအမှတ် ၂ ရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရ
DVB
·
September 29, 2021
243359553_1186918771802131_2469720728337042256_n

မကွေးတိုင်း၊ မကွေးမြို့၊ ဆုံမန်ကျည်းပင်လမ်းဆုံမှာရှိတဲ့ မကွေးအမှတ် ၂ ရဲစခန်းဝန်းအတွင်းမှာ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ ဝန်းကျင်လောက်က ဗုံး ၁ လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမှတ် ၂ ရဲစခန်းအနီးနေ ဒေသခံတဦးက “ဗုံးသံကြီးကတော့ အကျယ်ကြီးပဲ။ ရဲစခန်းဝန်းထဲမှာ ပေါက်ကွဲတာဆိုတော့ ဘာဖြစ်သွားတယ်ဆိုတာ မသိရဘူး။ လူနာတင်ယာဉ်တွေသွားတာတော့ မတွေ့ဘူး။ ဗုံးပေါက်ပြီး အကြမ်းဖက်စစ်သားတွေကတော့ အစစ်အဆေးအရမ်းကြမ်းနေတယ်” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ မကွေး၊ အမှတ် ၂ ရဲစခန်းကို ဒီဗွီဘီက ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိခဲ့ပါဘူး။

အဆိုပါဗုံးပေါက်ကွဲမှုကို No Chair ပြောက်ကျားအဖွဲ့ကပြုလုပ်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ ပြုတ်ကျသည်အထိ ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအပါအဝင် သူတိုနဲ့နီးစပ်သူတွေနဲ့ နီးနီးကပ်ကပ်မနေကြဖို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024