Home
မြန်မာသတင်း
ပုသိမ်မြို့တွင် မိုင်တဲလ်တာဝါတိုင် ပထမဆုံးအကြိမ် မိုင်းခွဲခံရ
DVB
·
September 29, 2021
242662683_1192432071241134_3166355901233069117_n

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စက်တင်ဘာလ ၂၈ ရက်နေ့ညပိုင်းက မိုင်တဲလ်တာဝါတိုင် ပထမဆုံးအကြိမ် မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

စိန်တောင်ကျေးရွာ ပုသိမ် - မော်တင်ကားလမ်းဘေးမှာရှိတဲ့ စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင်ကို ည ၇ နာရီလောက်မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ မိုင်းခွဲရာမှာ ပါဝင်သူတဦးက ပြောပါတယ်။

“သလပ်ခွာ စိန်တောင်က ၁၄ မိုင် ၆ ဖာလုံက တာဝါတိုင်ကို ဖောက်ခွဲခဲ့တာပါ။ ၂ ဖွဲ့ပေါင်းပြီးလုပ်တာပါ။ တာဝါတိုင်စက်ဖုံးကွဲသွားပြီး အောက်ခြေပိုင်းတော့ ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

မိုင်တဲလ်တာဝါတိုင်းကို ဧရာဝတီမြစ်ဝကျွန်းပေါ်တော်လှန်ရေးတပ်ဖွဲ့နဲ့ ဧရာ ၁၄ အဖွဲ့တို့ ပူးပေါင်းမိုင်းခွဲခဲ့တာဖြစ်ပြီး နောက်ထပ်လည်း စစ်ကောင်စီကို ထောက်ခံပေးနေတဲ့ အရာတွေအားလုံးကို ဖျက်ဆီးဖို့ရှိတယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့နယ်မှာ စစ်အုပ်စုပိုင်းမိုင်တဲလ်တာဝါတိုင်း မိုင်းခွဲခံရတာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဧရာဝတီတိုင်းထဲမှာတော့ ဒုတိယအကြိမ် မြောက်ဖြစ်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024