စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာရှိ PDF စခန်းတစ်ခုကို စက်တင်ဘာလ ၂၈ ရက် မနက်က စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းပြီး ရွာသား ၃ ဦးကို ဖမ်းဆီးသွားပါတယ်။
ဒေသခံPDFအဖွဲ့ဝင်တစ်ဦးက “အခုမနက်က စစ်ကောင်စီက ကျနော်တို့ စခန်းကို ဝင်စီးနင်းခဲ့တယ်။ စီးနင်းပြီး မကြာဘူး ရွာထဲမှာမွှေပြီး ရွာသားနှစ်ယောက် ဖမ်းဆီးသွားတယ်”လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူနှစ်ဦးဟာ ကိုစွမ်းထက်နဲ့ ကိုဖြိုးသက်တင်တို့ဖြစ်ပြီး ကိုစွမ်းထက်ဟာ ပန်းပဲလုပ်ငန်း လုပ်ကိုင်ပြီး ကိုဖြိုးသက်တင်ဟာ ကိုစွမ်းထက်ရဲ့ သူငယ်ချင်းဖြစ်ပါတယ်။
“စွမ်းထက်ဆိုတာ ပန်းပဲလုပ်တဲ့သူ။ ဖြိုးသက်တင်ဆိုတာလည်း စွမ်းထက်ဆီလာပြီး အိပ်တာ။ အဲ့ဒီလိုအချိန်မှာ ဝင်ပြီး နှစ်ယောက်လုံးကို ဖမ်းသွားတာ။” လို့ ဒေသခံတစ်ဦး က ပြောပါတယ်။
ဒါ့အပြင် နောင်ပိုအောင်ရွာထဲမှာ ကိုဖိုးသား ဆိုသူကို စစ်တပ်က လာရောက်ဖမ်းဆီးရာ မမိတဲ့အတွက် ကိုဖိုးသားရဲ့အစ်ကိုဖြစ်သူကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။