ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဂန့်ဂေါ) နဲ့ အကြမ်းဖက်စစ်ကောင်စီတို့ကြား စစ်ရေးတင်းမာနေတဲ့အတွက် ဂန့်ဂေါအဝင်အထွက်ကားလမ်းပိုင်းတွေကို ယာယီပိတ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဂန့်ဂေါ) က ထုတ်ပြန်ကြေညာထားပါတယ်။
စစ်ရေးတင်းမာမှုကြောင့် ပုလဲ - ဂန့်ဂေါလမ်း၊ ထီးလင်း - ဂန့်ဂေါလမ်း၊ ဂန့်ဂေါ - ဟားခါးလမ်း၊ ဂန့်ဂေါ - ကလေးလမ်း စတဲ့ကားလမ်းပိုင်းတွေကို စက်တင်ဘာ ၂၇ ရက်နေ့ကနေ အောက်တိုဘာ ၁ နေ့အထိ ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ အဆိုပါလမ်းပိုင်းတွေကို သတ်မှတ်ထားတဲ့ လမ်းပိတ်ရက်အတွင်း ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ကြဖို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဂန့်ဂေါမြို့နယ်ထဲမှာ စက်တင်ဘာ ၈ ရက်နေ့လောက်ကတည်းက ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စက်ကောင်စီဘက်က အများအပြား သေဆုံးသလို ရပ်ရွာကာကွယ်ရေးလုပ်နေတဲ့ လူငယ်တချို့ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။