ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ စက်တင်ဘာ ၂၂ ရက်ညနေပိုင်းက PDF တပ်ဖွဲ့ ၂ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၆ ယောက်ထက် မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ PDF ZOLAND က ထုတ်ပြန်ပါတယ်။
တီးတိန်မြို့နယ်ထဲမှာ မနေ့ ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေ တင်လာတဲ့ကား ၂ စီးကို PDF Zoland နဲ့ Civic Defence Militia တိုပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၆ ယောက်ထက်မနည်း သေဆုံးပြီးတော့ အများအပြားဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
စစ်တပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပြီးတော့ ပြန်လည်ပစ်ခတ်ပေမယ့် PDF Zolend နဲ့ CDM တပ်ဖွဲ့ဘက်က အထိခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ ချင်းပြည်နယ်ထဲက ၈ မြို့နယ်ကို အင်တာနက်ဖြတ်တောက်ပြီးတော့ မြို့ပေါ်တွေနဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံပြည်သူအများအပြား ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။