စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အရာတော်မြို့နယ် မလဲသာကျေးရွာ မှာ စက်တင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းက လင်မယားနှစ်ဦး ပစ်ခတ်ခံခဲ့ရပါတယ်။
သတင်းပေး ဒလန်လို့ နာမည်ထွက်နေတဲ့ ဦးသိန်းဌေးဟာ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး လင်မယားနှစ်ယောက် တခြားရွာကနေ စျေးဝယ်ပြီးပြန်အလာမှာ ပစ်ခတ်ခံခဲ့ရတာလို့ ဒေသခံတဦးက ပြောပါတယ်။
“သူက ဒလန်လို့ နာမည်ကြီးနေတယ်။ မျက်နှာတည့်တည့်ကို ပစ်သွားတာ။ ဓားနဲ့ပါ ခုတ်သွား သေးတယ်။ ဦးသိန်းဌေး သေတယ်။ သူ့မိန်းမက ခြေထောက်မှာ ဒဏ်ရာရတယ်။ ဘယ်သူတွေ လုပ်တယ်ဆိုတာတော့ မသိဘူး။"
စစ်အာဏာသိမ်းပြီးနောက် အရာတော်မြို့နယ်မှာ ဒလန်လို့ နာမည်ကြီးသူတွေ အသတ်ခံ ရတာ၊ Mytel တာဝါတိုင်တွေ ဖျက်ဆီးခံရတာတွေလည်း ရှိနေပါတယ်။