မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် လက်ဖက်ရည်ဆိုင်မှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးကို စက်တင်ဘာလ ၂၃ ရက် မနက် ၉ နာရီခွဲလောက်က သေနတ်နဲ့ ဝင်ပစ်တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါတယ်။
၁၁၄ လမ်း၊ လမ်း ၅၀ နဲ့ ၅၁ လမ်းကြားရှိ လက်ဖက်ရည်ဆိုင်မှာ မြရည်နန္ဒာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နဲ့ ရာအိမ်မှူး ဦးသက်ကိုတို့ ထိုင်နေတဲ့အချိန် သေနတ်နဲ့ ပစ်တာလို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
“ပစ်တာက နှစ်ချက် တဲ့ တစ်ချက်ပဲ ထိတယ်လို့ ပြောတယ်။ တချို့ကလည်း သေတယ်လို့ ပြောတယ်။ တိတိကျကျကျတော့ မသိရသေးဘူး။”
ဆိုင်ကယ်နဲ့ အမည်မသိ လူ ၂ ဦးရောက်ရှိလာပြီး နောက်ကထိုင်တဲ့သူက ဆိုင်ထဲဝင်ပစ်တာဖြစ်ကာ ရာအိမ်မှူး ဦးသက်ကို မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့ ကနဦး သိရပါတယ်။
ပုံစာ - သေနတ်နဲ့ ပစ်ခတ်မှုဖြစ်တဲ့ ဆိုင်နေရာ