စစ်ကိုင်းတိုင်း မြင်းမူမြို့ ဝမ်းပြည့်ကျေးရွာ ချစ်ချစ် ဘီယာဆိုင်မှာ စက်တင်ဘာ ၂၂ ရက်နေ့ညနေ ၆ နာရီလောက်က နှစ်ပွင့်အဆင့်ရှိ ရဲအရာရှိ ၁ ဦး ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မျက်မြင်တဦးက "စက်တင်ဘာ ၂၂ ရက်နေ့ ညနေပိုင်း ၆ နာရီလောက်က မြင်းမူမြို့ရဲစခန်းက ရဲတစ်ဦး သေနတ်နဲ့ အပစ်ခံရတယ်ဗျ။ စခန်းမှူးလား၊ ဒုရဲအုပ်လားတော့မသိဘူးဗျ။ သေနတ်နဲ့ အဝေးကနေ ၄ ချက်ပစ်သွားတယ်။ ဘယ်မှန်သွားတယ်တော့မသိဘူး။ ခဏနေတော့ လာပြီးသယ်သွားပြီး မြင်းမူဆေးရုံပို့လိုက်တယ်လို့တော့ သတင်းရတယ်၊ သေသလား၊ ရှင်သလားဆိုတာကတော့ ဘာသတင်းမှမသိရသေးဘူး” လို့ ပြောပါတယ်။
မြင်းမူမြို့က နှစ်ပွင့်အဆင့်ရှိ ရဲအရာရှိကို ပစ်ခတ်ခဲ့ကြောင်း၊ ဝမ်းဗိုက်နှစ်ချက်နဲ့ ပေါင်တစ်ချက်ထိမှန်ခဲ့တယ်လို့ မြင်းမူလျှပ်စစ်ပြောက်ကျားအဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
မြင်းမူမြို့မှာ ရဲဝန်ထမ်း ပစ်ခတ်ခံရတာ ပထဆုံးအကြိမ်ဖြစ်ပြီး စစ်ကောင်စီကို အားပေးတဲ့ ထောက်တိုင်မှနသမျှ ဆက်လက်ပြီးရှင်းလင်သွားလို့ မြင်းမူလျှပ်စစ်ပြောက်ကျားအဖွဲ့က ထုတ်ပြန်ထားပါတယ်။