စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တမာတောအုပ်စု ရွှေကွေ့ကျေးရွာမှာ စစ်ကောင်စီ ပျူစောထီးအဖွဲ့ဝင် သတင်းပေးလို့ လူသိများတဲ့ ကိုဝင်းဇော်မြင့်ရဲ့ အလောင်းကို စက်တင်ဘာ ၂၀ ရက်နေ့ ညနေ ၅ နာရီလောက်က ချုံကြားထဲမှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကူညီပေးခဲ့တဲ့ ရွာသားတစ်ဦးက “ဒီလူက စက်တင်ဘာ ၁၈ ရက်နေ ညနေပိုင်းလောက်က ပျောက်ဆုံးနေတာဗျ။ မနေ့ကမှ တန်ဆည်မြို့နယ် ပေကုန်းရွာ တူးမြောင်းဘောင် (ဒေသအခေါ် မူးဘောင်) ဘေး ချုံကြားမှာ ကိုဝင်ဇော်မြင့်အလောင်းကို ငါးမျှားသွားသူများမှတွေ့ရှိခဲ့တယ်။ ပျူစောထီးအဖွဲ့ဝင်ဒလန်လိုတော့ အပြောများနေတာပဲဗျာ။ ဟုတ်မဟုတ်တော့ ကာယကံရှင်မှပဲ သိမယ်လေ။ ညအချိန်တွေတာ ဆိုတော့ အသေးစိတ်ဒဏ်ရာတွေတော့ မမြင်ရဘူး။ ညတွင်းချင်း ဝင်းဇော်မြင့်ရုပ်အလောင်းကို မီးသင်္ဂြိုဟ်လိုက်တယ်” လို့ ပြောပါတယ်။
ရေဦးမြို့နယ်မှာ စက်တင်ဘာလ ၁ ရက်နေ့ကလည်း ပျူစောထီးအဖွဲ့ဝင်လို့ လူသိများတဲ့ ဦးအောင်မြင့် ဦးခေါင်းသေနတ် ဒဏ်ရာတချက် ဝမ်းဗိုက် ၃ ချက်နဲ့ သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
စက်တင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းမှာ ကိုဝင်းဇော်မြင့်အား ပြောက်ကြားဝိညဉ်အဖွဲ့က သုတ်သင်ရှင်းလင်းတာဖြစ်ကြောင်း ကြေညာချက်တခု လူမှုကွန်ရက်စာမျက်နှာကနေ ထွက်လာခဲ့တယ်လို့ ရေဦးမြို့နယ် ဒေသခံတွေဆီက သိရပါတယ်။