Home
မြန်မာသတင်း
မိုးမိတ်မြို့နယ် နမ့်မိတ်ချောင်း ကြိုးတံတား ရေထဲမျောပါသွား
DVB
·
September 21, 2021
241430109_834822867091746_6686686904573344573_n
241362442_834822903758409_3501882011278118012_n
241568944_834822830425083_6262170960090057515_n
241480904_834822800425086_5682892498591700938_n
241439660_834822967091736_4469828697426148458_n

ရှမ်းပြည်နယ်၊ မြောက်ပိုင်းမိုးမိတ်မြို့နယ်၊ မြစ်ဆုံကျေးရွာက နမ့်မိတ်ချောင်းကြိုးတံတား စက်တင်ဘာ ၂၀ ရက်နေ့က ရေနဲ့မျောပါ ပျက်စီးသွားတာကြောင့် ကမ်းတဘက်မှာရှိတဲ့ တောင်သူတွေအနေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်ခဲဖြစ်နေပါတယ်။ 

"တဘက်ကမ်းက တောင်သူတွေက သယ်ယူပို့ဆောင်ရေးအတွက် ဒီတံတားကိုအဓိကထားသုံးကြတာ။ အခုက တံတားမျောပါသွားတော့ သယ်ယူပို့ဆောင်ရေး ကအခက်ခဲ ဖြစ်နေတယ် "လို့ ဒေသခံရွာသားတစ်ဦးက ဆိုပါတယ်။ 

​နမ့်မိတ်ချောင်း​ကြိုးတံတားကို မြစ်ဆုံကျေးရွာနဲ့ တဘက်ကမ်းက နန်းပန်းကျေးရွာ၊ ခတ်ခိုးကျေးရွာ၊ ဖန်းခါးကျေးရွာတွေမှာရှိတဲ့ ယာခင်းစိုက်တောင်သူတွေ၊ ရွှေတောတွေက ပြည်သူတွေနဲ့ တောင်သူတွေ အဓိကထားအသုံးပြုနေရတယ်လို့ ဆိုပါတယ်။

ဒေသခံတစ်ဦးက "တံတားက ရေတိုးတော့ ရေနဲ့မျောပြီးပျက်စီးသွားတယ်။ အခုကသွားလို့မရတဲ့အခြေနေမှာရှိနေတယ်။ မိုးကတော့တိတ်သွားပြီ"လို့ ပြောပါတယ်။

အရှည် ပေ ၇၈၀ ၊ အကျယ် ၉ ပေနဲ့ အမြင့် ၁၂ ပေရှိတဲ့ နမ့်မိတ်ချောင်းကြိုးတံတားကို ၂၀၂၁ ဇန်နဝါရီလကစပြီး ပြည်နယ်အစိုးရ​ထောက်ပံ့ငွေနဲ့ ပြည်သူတွေထည့်ဝင်ငွေ ပေါင်းပြီး ပြန်လည်ပြုပြင် တည်ဆောက်ထားတာပါ။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024